Pages

♡ ရနံ့​လေး​တော့ ​မွေး​နေဆဲ.... ♡

Sunday, January 25, 2015







ပန်းခရေလို မင်းပန်ဆင်ဖို့ရည်ရွယ်

မြေပြင်ဝယ် ချွေသက်ဆင်း...

မပန်ဆင် ရက်စက်လေသူမင်းက

မညှာတာ နင်းချေရက်လေတယ်...

ပန်းခရေ ငါနွမ်းကြွေရတယ်...

ရနံ့လေးတော့မွေးနေဆဲပါ....။

     ♡ ♡ ♡ ♥ ♥ ♥


Posted by သထုံသား​လေး
Read more ...

အရှုံးကြီးရှုံးသူ

Sunday, January 18, 2015

လူတစ်ယောက်ကို နင်းချေလိုက်ရလို့
လက်မထောင်ပြီး အောင်ပွဲခံမနေပါနဲ့။
ထောင်ခဲ့တဲ့ လက်မဟာ
တစ်နေ့ မြေကြီးဖြစ်သွားမှာပါပဲ။

ကိုယ်နင်းချေလိုက်တဲ့ ခြေသံတွေဟာ
ရောက်ရာဘဝမှာ ကိုယ့်ကို လိုက်ပြီး
နှိပ်စက်နေကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်••••••
သူများကို နင်းချေပြီး
လက်မထောင်ခဲ့တဲ့ကိုယ်ဟာ
အောင်နိုင်သူမဟုတ်ပဲ
သံသရာမှာ 'အရှုံးကြီးရှုံးသူ' ဖြစ်သွားပါပြီ။

(အရှင်ဇနက - မန်းလေးစာသင်သား)့

Read more ...

♡ ​မေတ္တာမှန်​ရင်​ ♡

Saturday, January 10, 2015

                 '' ​မေတ္တာမှန်​ရင်''
.                >>>>>><<<<<<<

အချစ်​....

ဆုံးရှူံးခြင်းဟာ ရယူခြင်းရဲ့

အသွင်​တမျိုးလို့ ဆိုခဲ့ကြတယ်​....။

ကိုယ်​မင်းကို​ပေးဆက်​ရတဲ့

ချစ်​ခြင်း​မေတ္တာ အကြင်​နာ​တွေ...

ဂရုစိုက်​ကြင်​နာမှု​တွေ....

အစိုးရိမ်​ပို ​ကြောင့်​ကြမှု​တွေ....

အလို​တော်​အတိုင်း ဖြည့်​စည်းမှု​တွေ....

ဒါ​တွေအားလုံး....

မင်းရဲ့​မေတ္တာကို ခံယူဖို့

အသွင်​တမျိုးနဲ့ ကိုယ်​​ပေးဆပ်​ခဲ့ပါတယ်​...

မေတ္တာမှန်​ရင်​ တုန်​ပြန်​ပါ​စေ....။


သထုံသား​လေး
Read more ...

ပြန်ခဲ့တော့ချစ်သူ

Saturday, January 10, 2015

ပြန်ခဲ့တော့ချစ်သူ
***************

လွမ်းလိုက်တာချစ်သူ
အပြစ်မယူလှစ်ကြူ
မတွေ့ ရနှစ်လကြာပေါ့
massageလေးနှင့်စာ
ချစ်သူပေးပို့ လာတော့
သတိရတိုင်းဖတ်မိတယ်....။

စာများတောင်အလွတ်ရ
ချစ်သူရေထာဝရနော်
မခွဲအတူလက်တွဲဖို့ ပေါ့
မောင်ကြိုးစားနေတယ်
မလွဲယူအထင်မမှားပါနဲ့
မောင်သစ္စာထားတယ်....။

လိုင်းပေါ်မှာမောင်မကြူဘူး
မေ့သာမောင်အချစ်ဆုံးပါ
အရမ်းမောင်လွမ်းတယ်
ဒီစာလွှာစကားအလွတ်ရထား
ချစ်သူရေခုတော့မအားလို့
စာmassageလေးမပို့ ထား
မျှော်တမ်းတလွမ်းနေတယ်....။

ချစ်သူအသံလေးကြားချင်လို့
တကယ်ပစ်မသွားချစ်သေးရင်
ဖုန်လေးဆက်ကြမယ်နော်
အလွမ်းတွေဖြေချစ်သူရေ
ပြန်လာခဲ့တော့ဆိုချင်တယ်
နှစ်ဦးအတူသွားခဲ့နေရာလေး
အလွမ်းဖြေကာရောက်ခဲ့တယ်
ချစ်သူရေအရမ်းလွမ်းနေလို့ 
တမ်းတမျှော်ပြန်ခဲ့တော့နော်....။

Creditး Saw


သထုံသား​လေး
Read more ...

သမုဒယ နွယ်​...

Saturday, January 10, 2015

                သမုဒယ နွယ်
.           ============

ကဗျာနုနု
ု
စာနုနုနဲ့ သူ့ရင်​ခုန်​သ
ံ
စောင်းခတ်​သံ​လေး နားမှာလျှံ
ံ
စကားသံ​လေး တိုးဖွဖွ...

အယုအယ ပိုပို

သမုဒယ ချိုချိုနဲ့...

အခုမှကို ပိုပိုချစ်

ကြာ​လေကြာ​လေ

တရစ်​ရစ်​တိုးတဲ့ နွယ်​တစ်​​ခွေ....။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏


သထုံသား​လေး
Read more ...